အရေးအကြီးဆုံးက ဘေးကင်းဖို့

ဝါသနာအရ ဆိုင်ကယ်စီးသူများဖြစ်စေ၊ လိုအပ်ချက်အရ သယ်ယူပို့ဆောင်ရေးအတွက်ဖြစ်စေ မော်တော်ဆိုင်ကယ်ကို မောင်းနှင်သူတိုင်းအတွက် အရေးအကြီးဆုံးကတော့ ဘေးကင်းဖို့ ဆိုတာကို မိုလ်ဘေးလ်က တိုက်တွန်းနှိုးဆော်လိုက်ပါတယ်ခင်ဗျ📣📣 Biker ဆရာကြီးတို့ ကျွမ်းကျင်မှုနဲ့ ကာကွယ်ရေးပစ္စည်းတွေက သင်တို့ကို ဘေးအန္တရာယ်မှ ကာကွယ်ပေးနိုင်တာကိုမမေ့ပါနဲ့။ ယာဉ်မောင်း ကျွမ်းကျင်မှုကလည်း ဘေးကင်းမှုအတွက် အရေးပါပါတယ်ခင်ဗျာ။ ကာကွယ်ရေးပစ္စည်းဆိုတာဘာတွေလဲ??? မော်တော်ဆိုင်ကယ်ဦးထုပ် စတဲ့ ပစ္စည်းတွေပေါ့ဗျာ။ ဖြစ်ပျက်ခဲ့တဲ့ ထိခိုက်မှုတွေထဲက အများစုမှာ မော်တော် ဆိုင်ကယ်ဦးထုပ်မဆောင်းလို့ သေ ဆုံးတဲ့အထိ ဖြစ်ခဲ့တာများပါတယ်။ ဆိုင်ကယ်ဦးထုပ်တွေဟာ ပြင်းထန်တဲ့ ထိခိုက်ဒဏ်ရာရမှုတွေ မဖြစ်အောင် ၃၇ ရာခိုင်နှုန်းထိ ကာကွယ်ပေးနိုင်ပါတယ်👍👍

  •  မော်တော်ဆိုင်ကယ်ဦးထုပ်ပုံစံ အမျိုးမျိုးရှိတဲ့အနက်မှာ လည်ပင်းဂုတ်ထိ ကာကွယ်ပေးထားနိုင်တဲ့ ဦးထုပ်မျိုးဟာ အကောင်းဆုံးအကာအကွယ်ပါ။
  •  ပျက်စီးနေတဲ့ ဦးထုပ်တွေမသုံးပါနဲ့။ ကာကွယ်မှုမပေးနိုင်ပါဘူးနော်။
  •  တတ်နိုင်ရင် Anti-Lock Brake ကိုသုံးပါ။
  •  လမ်းစည်းကမ်း၊ ယာဉ်စည်းကမ်းကို လိုက်နာပါ။
  •  နောက်မှာလူတင်စီးရင် တစ်ကိုယ်တည်းစီးတာထက် ကျွမ်းကျင်မှု ပိုလိုပြီး ပိုသတိထားရပါမယ်။
  •  မူးရင် မမောင်းတာ အကောင်းဆုံးပေါ့ဗျာ။
  •  လမ်းဆုံလမ်းကူးတွေမှာ ကိုယ့်အတွက် အန္တရာယ်အကင်းဆုံးအခြေအနေကို သာရွေးချယ်ပါ။
  •  လမ်းအကာအရံ၊ အတားအဆီး၊ ချိုင့်၊ အပေါက်တွေ၊ဆီကွက်တွေ၊ ရေဗွက်တွေလမ်းပေါ်နဲ့လမ်းဘေး အခြေအနေအားလုံး သတိထားကြည့်ပါ။
  •  မိမိကို တစ်လမ်းတည်းသွား အခြားယာဉ်မောင်းများက မြင်ရတဲ့အနေအထားရှိပါစေ။
  •  ဆိုင်ကယ်မှာ ရောင်ပြန်တပ်ပါ။ မောင်းနှင်သူ ဝတ်ဆင်မယ့်အဝတ်စားများကိုလည်းအကြမ်းခံပြီး လုံခြုံကာကွယ်ပေးနိုင်တာမျိုး ဝတ်ဆင်ပါ။
  •  လမ်းမှန်ကြော ယူမောင်းပါ။ လမ်းကြော ခဏခဏ မလိုအပ်ပဲမပြောင်းပါနဲ့။
  •  အရှိန်အရမ်းမတင်ပါနဲ့ ❌ ❌ ။ အခုက မိုးတွင်းဆိုတော့Slip ဖြစ်တတ်တာမို့ဂရုစိုက်စေလိုပါတယ်။
  •  👓👓မျက်မှန် သို့မဟုတ် လေကာသုံးပါ။
  •  မော်တော်ဆိုင်ကယ်ရဲ့ ကြံ့ခိုင်မှုကို အမြဲသတိပြုပါ။
မျှဝေသုံးစွဲနေကြတဲ့ လမ်းတွေပေါ်မှာ ယာဉ်အန္တရာယ်ကင်းရှင်းရေးဆိုတာ ကားဆရာကြီးများရော မော်တော်ဆိုင်ကယ် ဆရာတို့ပါ နှစ်ဦးနှစ်ဖက်စလုံးမှာ တာဝန်ရှိတာကြောင့် အကြံပေးချက်များကို လိုက်နာပြီး မော်တော်ဆိုင်ကယ် ချစ်သူများအားလုံး ဘေးအန္တရာယ်ကင်းရှင်းနိုင်ကြပါစေ…🙏🙏🙏