API SP Grade ၏အားသာချက်များ

API SP သတ်မှတ်ချက်ကို (၂၀၂၀) မေလ (၁) ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီး များစွာသော မိုဘေးလ်မှ လည်း ၎င်းသတ်မှတ်ချက်များကိုက်ညီအောင် ထုတ်လုပ်ထားပြီး အဆင့်မြှင့်တင်ခြင်း လုပ်ငန်းစဉ်များကိုလည်း အင်တိုက်အားတိုက် ဆောင်ရွက်လျှက်ရှိပါသည်။ ထိုသို့ထုတ်လုပ်ရာတွင်လည်း ဓာတ်ခွဲခန်း စမ်းသပ်ချက်များ၊ လက်တွေ့စမ်းသပ်ချက်များဖြင့် စနစ်တကျ သုတေသနများပြုလုပ်ပြီး မူလစက်ပစ္စည်း ထုတ်လုပ်သူများ၏ လိုအပ်ချက်များ နှင့်ကိုက်ညီပြည့်မီအောင် ထုတ်လုပ်ထားပါသည်။ အခုလက်ရှိအသုံးပြုနေတဲ့ SN Plus, SN, SM, SL နှင့် SJ စတဲ့ Grade တွေအပြင် သူထက်ပိုကောင်းတဲ့ SP ကိုလည်း မိတ်ဆက်ပေးခဲ့တယ်။ SP ကအရင် ကထက်ဘာပိုကောင်းသွားသလဲဆိုရင် ................. • ဆီစားသက်သာခြင်း၊ • ကျပ်ခိုး ဖြစ်မှုနည်းပါစေခြင်း၊ • Camshaft နှင့် Chain ပွန်းစားမှုလျော့ကျစေခြင်း၊ • အင်ဂျင်မီးခေါက်သံလျော့ချပေးနိုင်ခြင်းတို့ဖြစ်ပါတယ်။ ဒါ့အပြင် SP နဲ့ SN+ တို့ဘာတွေကွာခြားသွားတာလဲ မြင်သာအောင် အောက်မှာ ပုံနှင့်တကွဖော်ပြပေးထားပါ တယ်။ မိုဘေးလ်မှာဆိုရင်လဲ API SP သတ်မှတ်ချက်များနှင့် ပြည့်မီရရှိထားသော Mobil 1 0W-20၊ Mobil Super 3000 5W30၊ Mobil Super 2000 X2 5W30/10W40၊ Mobil Super 1000 10W30 တိုကို ယခုလက်ရှိရရှိ SP Grade တောင်တဲ့ ကားတွေအတွက် မရှိမဖြစ်ဆောင်ထားရမယ့် အင်ဂျင်ဝိုင်ပဲဖြစ်ပါတယ်။ Mobil 1 နှင့် Mobil Super တို့က အပေါ်ကပြောထားတဲ့ SP Grade ရဲ့ အားသားချက်တွေလိုပဲ ဆီစားသက်သာခြင်း၊ အင်ဂျင်တွင်း ပွန်းစားမှုနှင့် တိုက်စားမှုများကို ကာကွယ်ပေးနိုင်ခြင်း၊ အင်ဂျင်ကိုသန့်ရှင်းနေစေခြင်း၊ တာဘိုပါဝင်သည့် နောက်ဆုံးပေါ် အင်ဂျင်များတွင် LSPI ဖြစ်ပေါ်မှုကို လျှော့ချပေးနိုင်ခြင်း၊ အင်ဂျင်၏ စွမ်းဆောင်ရည်ကို ပိုမိုကောင်းမွန်စေခြင်း စသည့် အကျိုးကျေးဇူးများကို ပေးစွမ်းနိုင်ပါသည်။ API SP ကို အပျစ်အကျဲအားလုံးအတွက် ရရှိနိုင်ပါတယ်။ API SP သတ်မှတ်ချက်နှင့် ပြည့်မီသော စက်ချောဆီများသည် API SN PLUS, SN, SM, SL, SJ များထက် သာလွန်သော အရည်အသွေးများရှိတာကြောင့် ယခင်ရှိနှင့်သော API သတ်မှတ်ချက် များ၊ [gallery columns="2" size="full" link="file" ids="942"]