Lube Survey ဆိုတာဘာလဲ ??

Lube Survey ဆိုတာ လူကြီးမင်းတို့ရဲ့ စက်ရုံအလုပ်ရုံ၊ လုပ်ငန်း ခွင်၊ ယာဉ်အဖွဲ့ အစရှိသည်တို့မှာ အသုံးပြုထားတဲ့ စက်ယန္တရား အသစ်၊ အဟောင်းတွေမှာ ထည့်သွင်းသုံးစွဲထားသော စက်ချောဆီတွေကို ကျွန် တော်တို့ Mobil ရဲ့ စက်ချောဆီအင်ဂျင်နီယာတွေကလာရောက် ကြည့်ရှုစစ်ဆေးပြီး သက်ဆိုင်ရာ စက်ယန္တရားတွေရဲ့အကောင်းဆုံး လည်ပတ်မှုပုံစံနဲ့ စိတ်အချရဆုံးအခြေအနေကိုရရှိစေရန် ကူညီပေးတဲ့ Mobil ရဲ့ နည်းပညာပိုင်းဆိုင်ရာ ဝန်ဆောင်မှုပဲဖြစ်ပါတယ်ခင်ဗျ ။ Lube Survey မှာ ဘယ်လို ဝန်ဆောင်မှုတွေပါလဲ ?? Lube Survey ဆောင်ရွက်ဖို့အတွက် ကျွန်တော်တို့နဲ့အတူ လူကြီးမင်းတို့ရဲ့ စက်ရုံမှ Mechanic တွေ၊ ဂိုဒေါင်ပိုင်းမှ ဝန်ထမ်းတွေ၊ Maintenance management ပိုင်းတွေပါ ပူးပေါင်းဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ စက်ချောဆီ အင်ဂျင်နီယာတွေဟာ လူကြီးမင်းတို့ရဲ့ စက်ရုံမှ ဝန်ထမ်းတွေနဲ့ ပူးပေါင်းပြီး စက်ရုံအတွင်းရှိ စက် ယန္တရားတွေကို Line အလိုက်၊ Sector အလိုက်၊ Ward အလိုက် အရင်ဆုံး စက်ပစ္စည်း တစ်ခုခြင်းစီ မှတ်တမ်းကောက်ယူပါတယ်။ ပြီးရင်တော့ အောက်ပါအချက်အလက်တွေပါဝင်တဲ့ Lube Chart ကိုရေးဆွဲပေးပြီး စက်ရုံရဲ့ Maintenance Management ကို ပေးအပ်ပါတယ်။ သက်ဆိုင်ရာ စက်ပစ္စည်းအလိုက် မှန်ကန်သင့်တော်တဲ့ Mobil စက်ချောဆီအမျိုးအစားများ။ စက်ပစ္စည်းတွေရဲ့ စက်ချောဆီကန် ဝင်ဆံ့မှု ပမာဏ။ စက်ပစ္စည်းတစ်ခုခြင်းစီအတွက် သင့်တော်တဲ့ ဆီအသစ်လဲလှယ်ရမည့် ကြာချိန်။ ဒါ့အပြင် သက်ဆိုင်ရာ စက်ပစ္စည်းအလိုက် အသုံးပြုရမယ့် စက်ချောဆီ ထည့်သွင်းသုံးစွဲမှုနည်းစနစ်တွေကို ရွေးချယ်အကြံပြုပြီး အကယ်၍ မှားယွင်းအသုံးပြုနေပါကလည်း မှန်ကန်သင့်တော်တဲ့ သုံးစွဲနည်းကို ညွှန်းဆိုပေးပါတယ်ခင်ဗျ။ စက်ချောဆီ သိမ်းဆည်းထားရှိမှုအတွက်လည်း စက်ချောဆီ သို လှောင်ရာ ဂိုဒေါင်ကို ကြည့်ရှုပြီး သိုလှောင်ပုံ အနေအထား လေ့လာစစ် ဆေးပြီး လိုအပ်ပါက မည်သို့ပြောင်းလဲသိုလှောင်သင့်ပုံကို အကြံပြုပေးပါတယ်။ စက်ပစ္စည်းအတွင်းသို့ စက်ချောဆီထည့်သွင်းခြင်းနဲ့ စက်ချောဆီတွေ သယ်ဆောင်ရွေ့ပြောင်းခြင်းတို့မှာ အသုံးပြုတဲ့ ကိရိယာတွေကိုလည်း စစ်ဆေးကြည့်ရှုပေးပါတယ်။ စက်ချောဆီပုံးတွေ၊ drum တွေ ကို သိုလှောင်ထားရှိရမယ့် နည်း စနစ်တွေ၊ ပတ်ဝန်းကျင် အပူချိန်၊ အသုံးပြုသင့်တဲ့ ကိရိယာတွေ နဲ့ သယ် ယူရွေ့ပြောင်းပုံတွေကို ကျွန်တော်တို့ စက်ချောဆီ အင်ဂျင်နီယာတွေက အကြံပေးကူညီပါတယ်။ နောက်ပိုင်းမှာ စက်ပစ္စည်းနဲ့ စက်ချောဆီ မှားယွင်းသုံးစွဲမှုတွေက ကြိုတင်ကာကွယ်နိုင်စေရန်အတွက်လည်း စက်ပစ္စည်းအလိုက် Lube Tagging Serivce ကိုလဲ ဆောင်ရွက်ပေးပါတယ်ခင်ဗျ ။