Antifreeze ဆိုတာဘာလဲ

Antifreeze ဆိုတာ အထူးဂုဏ်သတ္တိတွေပါတဲ့ ပေါင်းစပ်ပစ္စည်း တစ်ခု၊ ဓါတုဗေဒ အရည်တစ်မျိုးပဲဖြစ်ပါတယ်။ Coolant အဖြစ်အသုံးပြုမယ့် အရည်ရဲ့ freezing point (ရေခဲမှတ်)ကို လျော့ချပေး ပြီး boiling point (ရေဆူမှတ်)ကို တိုးမြင့်စေမယ့် ဂုဏ်သတ္တိများ ပေါင်းထည့်ပေးတာဖြစ်ပါတယ်။ Antifreeze ပေါင်းထည့် ထားတဲ့ Coolant တစ်ခုဟာ မူလအရည်အသွေးထက်ပိုပြီး အေးသော ပူ သော ရာသီဥတုပတ်ဝန်းကျင် အခြေအနေကို ပိုမိုခံနိုင်ရည်ရှိပြီး ပိုမို ကြာရှည် ခံနိုင်မှာဖြစ်ပါတယ်။ " ရေမရောဘဲ တစ်ခါထဲ အင်ဂျင်ထဲ ထည့်သုံးလို့ရရင် Coolant၊ ရေရောပြီးမှသုံးရရင် Antifreeze " လို့ အလွယ် မှတ်ထားနိုင်ပါတယ်။ Freezing Point ကို လျော့ချပေးတာအပြင် Boiling Point ကို ပါ မြင့်စေတဲ့ အတွက် Antifreeze အပြင် Antiboil လို့ပါ ခေါ်လို့ရပါတယ်။ ဒီလောက်ဆို Antifreeze/ Antiboil နဲ့ Coolant ဆိုတာ ဘာတွေကွာလဲ သိသွားလောက်ပါပြီနော်။ ဒါဆိုရင် ကားတွေအတွက် Mobil ရဲ့ ရွှေရင်အေး Mobil Antifreeze Extra ရဲ့အကြောင်း ဆက်ပြောပြမယ်နော်.... Mobil Antifreeze Extra ကို 🚗🚗 လူစီးကားများ၊လုပ်ငန်းသုံး 🚖🚖 ကားလေးများအပြင် လုပ်ငန်းသုံး 🚚🚚🚚 ကားကြီးများမှာပါ သုံးစွဲနိုင်ပါတယ်။ Mobil Antifreeze Extra ကို Audi ကားများ၊ Seat များ၊ Skoda များ နှင့် VW ၊ Porsche ၊ Rolls-Royce၊ BMW ၊ MAN ကားများမှ သတ်မှတ်ကား အမျိုးအစားတစ်ချို့၊ Mercedes Specification Benz 325.0 လိုအပ်ချက်ရှိသော ကားများတွင် သုံးစွဲရန် ညွှန်းဆို ထောက်ခံထားပါတယ်။ အင်ဂျင်ကို အကောင်းဆုံး ကာကွယ်မှု ပေးစွမ်းနိုင်ပြီး ပွန်းစားမှုများကိုအကောင်းဆုံးကာကွယ်ပေးနိုင်တဲ့ ဂုဏ်သတ္တိများ အထူးပါဝင်ပါတယ်။ Radiator၊ စလင်ဒါများ၊ ရေပန့်များကို အနိမ့်ဆုံး သုံးနှစ် ထိခိုက်မှုမရှိအောင် ကာကွယ်ပေးနိုင်ပါတယ်။ Mobil Antifreeze Extra ဟာ Concentrate ဖြစ်လို့ အသုံးမပြုခင် deionized လုပ်ထားတဲ့ရေနဲ့ ကားထုတ်လုပ်သူတွေက သတ်မှတ်ထားတဲ့ အချိုးအစားအတိုင်း ရောစပ် အသုံးပြုရမှာဖြစ်ပါတယ်။ deionized လုပ်ထားတဲ့ ရေဆိုတာ အနီးစပ်ဆုံး ပြောရရင် ပေါင်းခံရည်ကို ပြောတာပါ။ ပေါင်းခံရည် မရှိရင်တော့ ရေသန့်ရေကို အသုံးပြုပြီး Mobil Antifreeze Extra နဲ့ ရောစပ်ပေးပါကဆား ဓါတ်ပေါက်နေသော ရေများ၊ မသန့်ရှင်းသော ရေများနဲ့ ရောစပ်အသုံး ပြုမိခြင်းမျိုး မဖြစ်အောင် ရှောင်ကျဉ်နိုင်ပါတယ်။